မချမ်းဘောမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

မချမ်းဘော ဇန်နဝါရီ ၁၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အ.ထ.က မချမ်းဘော အလယ်တန်းကျောင်းသား၊ ကျောင်းသူများက ပညာရေး စုံညီပွဲတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးနန်မွန်ခင်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ဒုတိယ မြို့နယ်ပညာရေးမှူး ဦးနောင်ထုန်းခေါ့ထိန်က  အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကာယ၊ ဉာဏဘက်စုံပညာ ရည်ချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသူ၊ ကျောင်းသားများက တေးသရုပ်ဖော်အကအလှများဖြင့် ပျော်ပျော်ရွှင်ရွှင် တင်ဆက်ခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)