မြစ်ကြီးနား ဇန်နဝါရီ ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေခံပညာလေ့ကျင့်ရေးအလယ်တန်းကျောင်း ပညာအားမာန်ခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘ၊ ဆရာ ကျောင်းသားပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးအားဖူက စုံညီပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာလေ့ကျင့်ရေး အလယ်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်းများ၊ (၂၄)ကြိမ်မြှေက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရှင် စတုတ္ထတန်းကျောင်းသား မောင်ခန့်ဇင်သူက မယ်ဒလင်အတီးဖြင့် ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်၊ ပြည်နယ်နှင့်ဗဟိုအဆင့် တို့တွင် ထူးချွန်ဆုရရှိ သူ(၉၀)ဦးတို့အား ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ်များနှင့် ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)