မံစီ ဇန်နဝါရီ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ (၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား/သူများအနေဖြင့် ကချင်ပြည်နယ်နေ့အကြောင်းကို ပိုမိုသိရှိလာစေရန်နှင့် အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် တတ်စေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ စာကြည့်တိုက် အသုံးချမှုပိုမိုတိုးပွားလာ စေရန်၊ ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် အခြေခံပညာ မူလတန်းကျောင်းများဖြစ်သည့် အမက(မောရဝတီ)နှင့် အ.မ.က (ဂျိန်းဖော့မြေ)မှ ကျောင်းသား/သူ (၅၀)ဦးတို့က မိမိတို့စိတ်ကြိုက် ပုံပြင်စာအုပ်များ ဖတ်ပြခြင်းကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)