မံစီမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

မံစီ ဇန်နဝါရီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မြို့မအားကစားကွင်း၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီ ရက် နံနက် ၉ နာရီမှ စ၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများကို အစုအဖွဲ့များနှင့် ပူးပေါင်းတတ်စေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ခန္ဓာကိုယ်နှင့် စိတ်ဓါတ်များ ကြံ့ခိုင်ကျန်းမာလာစေရန်၊ သက်လုံကောင်း၍ အမောခံနိုင်စေရန်၊ ကိုယ်ခံစွမ်းအားမြင့်မားလာစေ ရန်ရည်ရွယ်၍ ၊အားကစားပြိုင်ပွဲများအဖြစ် စားပွဲတင်တင်းနစ် တစ်ဦးချင်း (ကျား/မ) နှစ်ယောက် တွဲ(ကျား/မ) အလယ်တန်းအဆင့် မီတာ ၂၀၀ (ကျားကြီး/မကြီး) ၊ မီတာ ၁၀၀ (ကျားကြီး/မကြီး)၊ မီတာ ၁၀၀ (ကျားလတ်/မလတ်)၊ မီတာ ၁၀၀ (ကျားငယ် /မငယ်) မီတာ ၅၀ အာလူးကောက် (ကျား/မ)၊မီတာ ၅၀ မီးထွန်း(မ)၊ မီတာ ၅၀ ဇကောရွက်(မ)၊ မီတာ ၅၀ Grade-1မုန့်စားKG(ကျား/မ)၊ (ကျားကြီး/မကြီး) သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်(ကျားကြီး/မကြီး) စသည့် အားကစားများကို အခြေခံပညာ ကျောင်းများမှကျောင်းသား/သူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ပြည့်ဇော်နှင့်အတူ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)