ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ စွမ်းရည် ပြသမှုကို ကြည့်ရှုအားပေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၂၀

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၄)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကိုကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမ၌ နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ကလေးသူငယ်များကို ခေါင်းဆောင်မှု အခန်းကဏ္ဍ တွင် ပါဝင်လာစေရေး လေ့ကျင့်ပျိုးထောင်ဆောင်ရွက်ရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပါ ကြောင်း၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ၊ လိင်ပိုင်း၊ စီးပွားရေးပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုတွေ လျော့နည်းပပျောက်သွားစေရေးကိုလည်း အစိုးရအဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်၍မရနိုင်သကဲ့သို့ အရပ်ဖက်အဖွဲ့အစည်းများများနှင့် ပြည်သူလူထုကိုယ်တိုင် ပါဝင်ရန်လိုအပ်ပါကြောင်း၊ သို့မှသာကလေး သူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် ကလေးများအတွက် ယခုနှစ် ဆောင်ပုဒ် ဖြစ်သည့် “အခွင့်အရေး အားလုံးရရှိရေး ကလေးငယ်တိုင်းအတွက် ဖော်ဆောင်ပေး” ဆိုသည့်အတိုင်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အခမ်းအနားတက်ရောက်လာကြသည့် ရင်သွေးငယ်များအား အမှတ်တရ လက်ဆောင်များကို ပေးအပ်ခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ်(၁)မူလတန်းကြိုကျောင်း ရင်သွေးငယ်များက ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား အမှတ်လက်ဆောင်များကို ပြန်လည် ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြစ်ကြီးနားမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းများနှင့် ဘာသာရေးအခြေပြုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်လေးများက ရိုးရာ တေးသီချင်းများ၊ ခေတ်ပေါ်တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမား ဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာ ထမ်း/ အမှုထမ်းများအား ပြည်နယ်ဝန်ကြီးချုပ်က မိမိအနေဖြင့် ယခုလိုအချိန်အခါတွင် အဓိကထား အထူးပြုပြောကြားလိုသည်မှာ နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို လေးစားချီးကျူးလို ပါကြောင်း၊နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် အဓိကအချက်သည် နိုင်ငံ့ဝန်ထမ်း များ၏ စွမ်းရည်၊ စိတ်ဓာတ်၊ ခံယူချက်များအပေါ် မူတည်ပြီး ဝန်ထမ်းတိုင်းသည် အမျိုးသားရေးစိတ်ဓာတ် နှင့်လည်း ပြည့်စုံရန်လိုအပ်ပါကြောင်း၊ ထို့အပြင်ဝန်ထမ်းများသည် ပြည်သူအတွက် တာဝန်ထမ်းဆောင် နေရခြင်း ဖြစ်သောကြောင့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်သို့ရောက်အောင် ချီတက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ ပြည်သူများ၏ ဆန္ဒနှင့်လိုအပ်ချက် များကို ဝန်ဆောင်မှုပေးရာတွင် ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိတရား ကင်းရှင်းရေးကို ရှေးရှုပြီး အစဉ်အလာကြီးမားသည့် ဦးစီးဌာန၏ သမိုင်းကြောင်းကို ဆက်လက်ကောင်းမွန် စွာထိန်းသိမ်းကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်း (၂၆၅)ဦးနှင့် မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် (၂၀)ဦးတို့အတွက် ငွေကျပ်စုစုပေါင်း (၁၂၈၂၅၀၀၀)ကျပ်တန်ဖိုးရှိ ဝတ်စုံများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ဝန်ထမ်းသားသမီး တက္ကသိုလ်ဝင် တန်းအောင်သူများ၊ ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းနှင့် ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာစာရင်းများ(ရသစ -၆)ပြုစုရေးဆွဲနည်း(ရက်တို)သင်တန်းတွင် ထူးချွန်ဆုရ ဝန်ထမ်းများ၊ အကြိမ်(၂၀)နှင့်အထက် သွေးလှူ ဒါန်းသူ(၂)ဦးနှင့် သွေးလှူဒါန်းသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သင်တန်းတွင် ထူးချွန်ဆုရဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ အငြိမ်းစား ဝန်ထမ်းဟောင်းကြီးများအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း အသီးသီးဂုဏ်ပြု ချီးမြှင့်ပေးအပ် ခဲ့ကြရာ အငြိမ်းစား ဝန်ထမ်းဟောင်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အလားတူ အဆိုပါနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို မွန်းလွှဲပိုင်းတွင် ဆက်လက် ကျင်းပခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းစွမ်းဆောင်ရည်ဆုရဝန်ထမ်းများ၊ နှစ်ပတ်လည်‌နေ့အထိမ်းအမှတ် ပျော်ပွဲ/ရွှင်ပွဲအားကစားပြိုင်ပွဲများမှ ဆုရဝန်ထမ်းများ၊ ခွင့်ခံစားခြင်းမရှိ သည့်ဝန်ထမ်းများနှင့် ဝန်ထမ်းအိမ်ရာဆုရရှိသူများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်