ဗန်းမော်မြို့တွင် (၂၆) ကြိမ်မြောက် ဗန်းမော်ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင် မိသားစုများ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ဗန်းမော် နိုဝင်ဘာ ၁၈

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၂) ကြိမ်မြောက် ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ အလှူရှင်မိသားစုများ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲခန့်က မင်းကုန်းရပ်ကွက်၊ ဇေယျမင်္ဂလာ သာသနာ့ဗိမာန်တော်၌ ကျင်းပခဲ့သည်။

ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ စုပေါင်းဘုံကထိန်ပွဲ၌ စုပေါင်းလှူဒါန်းသည့် ငွေသားပဒေသာပင်နှင့် လှူဖွယ်ပစ္စည်း ပဒေသာပင်များကို  ဗန်းမော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၄၄)ကျောင်းမှ ပင့်သံဃာ(၄၄)ပါးဖြင့် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပသည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အလှူရှင်မိသားစုများတို့က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြပြီး ကထိန်ခင်းမည့် ကျောင်းတိုက်မှ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းကြကာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကေသဝမှ ကထိန် အနုမောဒေနာတရားတော်နှင့် ရေစက်ချ တရားတော်များ ချီးမြှင့်ပေးခဲ့ပြီး ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်မိသားစုတို့မှ စုပေါင်းလှူဒါန်းသည့် ငွေသားပဒေသာပင် တန်ဖိုး ကျပ်(၁၅၃၇၃၀၀၀)နှင့် လှူဖွယ်ပစ္စည်းပဒေသာပင်တန်ဖိုးကျပ်(၇၅၁၇၉၀၀) စုစုပေါင်းတန်ဖိုး ငွေကျပ်(၂၂၈၉၀၉၀၀)ကို စုပေါင်းဘုံကထိန်ခင်းမည့် ဗန်းမော်မြို့ ဟန်တဲရပ်ကွက်ရှိ သာသနာ့ လင်းရောင်ခြည်ကျောင်းတိုက်နှင့် ရေနီကျေးရွာ ရေနီကျောင်းတိုက်သို့ အုပ်စုခွဲ၍ ဆက်ကပ်လှူဒါန်း ခဲ့ကာ ဗုဒ္ဓသာသနာစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနား ရုပ်သိမ်းပြီး သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗန်းမော်(ပြန်/ဆက်)