မြစ်ကြီးနား နိုဝင်ဘာ ၁၈
စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် လူငယ်လူရွယ်များ အတွေးအခေါ်၊ အသိပညာနှင့် စိတ်ဓာတ်ရေးရာ တိုးတက်မြင့်မား စေရေးအတွက် ကချင်ပြည်နယ်အစိုးရဖွဲ့က စီစဉ်ကျင်းပ ပြုလုပ်သည့် စာရေးဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ)၏ စာပေဗဟုသုတဆိုင်ရာ အသိပညာပေးဟော ပြောပွဲကို မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ (၂)ရက်တာ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့ နံနက် ၉ နာရီခွဲ အဆိုပါ စာပေဟောပြောပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြသည်။
စာပေဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ပညာခေတ်ဖြစ်သည်နှင့် အညီ စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုး ကျေးဇူးနှင့် စာပေဟောပြောပွဲများမှ ရရှိသည့် အသိပညာများကို လက်တွေ့အသုံးချခြင်းဖြင့် နိုင်ငံ့၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေလာစေမည်ဖြစ်သည့် အပြင် အနာဂတ်တွင် နိုင်ငံ့တာဝန်ကို ဆက်လက်တာဝန်ယူကြမည့် လူငယ်လူရွယ်များနှင့် နိုင်ငံ့ဝန်ထမ်း များ၏ အသိပညာဗဟုသုတနှင့် ပြည့်စုံ၍ ခံယူချက်နှင့် စိတ်ဓာတ်ကောင်းမွန်လာစေရန် ယခုလို စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ စာရေးဆရာ တစ်ယောက်၏ နှစ်ပေါင်းများစွာ လေ့လာမှတ်သားခဲ့သည့် အတွေ့အကြုံဗဟုသုတ၊ အသိပညာများကို အချိန်တိုအတွင်း မျှဝေပေးသည် ဖြစ်သည့်အတွက် တန်ဖိုးကြီးမားပြီး အကျိုးကျေးဇူးများ ရရှိဖြစ်စေမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ အခြေခံ ပညာနှင့် အဆင့်မြှင့်ပညာ ဦးစီးဌာနများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက စာရေးဆရာ လင်းသိုက်ညွန့် (မြန်မာမြေ)၏ ဒုတိယမြန်မာနိုင်ငံတည်ထောင်ခြင်း ခေါင်းစဉ်ဖြင့် စာပေဟောပြောမှုကို အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာရေးဆရာ လင်းသိုက်ညွန့်အား အမှတ်တရဂုဏ်ပြုလက် ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ ဆောင်၌ SPIC ကုမ္ပဏီ မှ Laptop ကွန်ပျူတာ (၃)လုံးအပါအဝင် ရုံးသုံးစာရေးကိရိယာများ လှူဒါန်း ပေးအပ်ပွဲသို့ တက်ရောက်ပြီး SPIC/ SPICYN(ACHC) ကုမ္ပဏီလီမိတက်မှ တာဝန်သူက လှူဒါန်း ပေးအပ်ရ ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ငွေကျပ် ၅၇၂၇၀၀၀ တန်ဖိုးရှိ ကွန်ပျူတာ Laptop (၃)လုံး အပါအဝင် မှတ်စုစာအုပ်၊ ဘောပင်၊ ချုပ်စက်၊ ချုပ်ပင်း၊ ဖိုင်ထည့်ရန်ခြင်းနှင့် A4 စာရွက်ထုတ်များကို ဂါဝရပြုပေးအပ်လှူဒါန်းမှုကို ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် ၂၀၂၃ ခုနှစ်၊ (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်များဖြစ်သည့် စုပေါင်းမဟာဘုံကထိန် အလှူပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်တို့အား မြန်မာ့ဓလေ့ ထုံးစံနှင့်အညီ အေးချမ်းစည်ကားစွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ပွဲတော်များ၏ အနှစ်သာရရှိမှုကို ပေါ်လွင်အောင် ကျင်းပနိုင်ရေး မိမိတို့အနေဖြင့် လုပ်ငန်းတာဝန်များအလိုက် အလေးထားလိုက်နာဆောင် ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပွဲတော်ကျင်းပရေးဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက စုပေါင်းမဟာဘုံကထိန်ပွဲတော်အား ဓလေ့ထုံးစံနှင့်အညီ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး ဖောင်တော်ရေမျှော ပူဇော်ပွဲနှင့် ဖောင်တော်ကြီးနှင့်အတူ မီးမျှောပူဇော်ပွဲများ၊ ဒေသခံများ ပျော်ရွှင်စွာ ကုသိုလ်ကောင်းမှုပြု၊ အပန်းဖြေနိုင်ရေး စီစဉ် ကျင်းပသွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းကလည်း အဆိုပါ အစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မသန်စွမ်းသူများကို ခွဲခြားဆက်ဆံမှုများ ပပျောက်စေရေးအတွက် မိမိတို့ကချင်ပြည်နယ်တွင် မသန်စွမ်း အားကစား ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးသွားရမည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများ၏ အခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးတို့အတွက် ကြိုးစားဆောင်ရွက်ပေးခြင်းဖြင့် မသန်စွမ်းသူများအား လက်တွဲခေါ်ဆောင်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်း မှာကြားသည်။
ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း မသန်စွမ်းအဖွဲ့အစည်းများ ရပ်တည်နေထိုင်မှု အခြေအနေ များ၊ အခမ်းအနားကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် မသန် စွမ်းသူများအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် အကြိုလှုပ်ရှားဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက အသီးသီးဖြည့်စွက်တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည် များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်