ပူတာအို နိုဝင်ဘာ ၁၇
ကချင်ပြည်နယ် ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဝမ်းစာဖူလုံရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၁၄ ရက် နံနက် ၇ နာရီက ပူတာအိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ နံနက် ၇ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့် အတူ ပူတာအိုမြို့အား မြို့အင်္ဂါရပ်နှင့် သန့်ရှင်းသပ်ရပ်ပြီး ဝေဆာစိမ်းလန်းနေစေရေးအတွက် ပူတာအိုလေဆိပ်ဝင်း အတွင်းနှင့် အပြင်တို့တွင် လည်းကောင်း၊ လေယာဉ်ကွင်းရပ်ကွက်နှင့် ဒုတ္တန် ရပ်ကွက်လမ်းဆုံရှိ မြို့ဝင်မြေးအဘိုး (၃)ယောက်ရုပ်ထုနေရာ၌ လည်းကောင်း၊ လေယာဉ်ကွင်း ရပ်ကွက် ကုန်းဆင်းနှင့် Welcome Love Putao ဆိုင်းဘုတ်အထိလည်းကောင်း၊ ကောင်ကထောင် ရပ်ကွက်အတွင်းရှိ မတ်ပန်စပါးစိုက်ခင်းများနှင့် မြို့မကုန်းတက်လမ်းထိ လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းဘေးဝဲယာတစ်လျှောက် အမှိုက်နှင့် သစ်ပင်ခြုံနွယ်များ ရှင်းလင်းနိုင် ရေး၊ မြေယာရှုခင်းပြုပြင်ပြီး အလှပန်းပင်များ စိုက်ပျိုးထားရှိရေး၊ ပူတာအိုမြို့အား ပြည်တွင်း/ ပြည်ပခရီးသွားများအား အဓိက ဆွဲဆောင်စေသည့် မြို့ပြဖြစ်လာစေရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မတ်ပန်ကွင်းအတွင်း ဆင်းဧကရီ-၃ အထွက်တိုးမျိုးစပါး စံပြကွက် ရိတ်သိမ်းပွဲသို့ တက်ရောက်ပြီး စံပြကွက်အတွင်း စိုက်ပျိုးရေးဦးစီးဌာနက ဒေသဝမ်းစာဖူလုံရေး၊ စပါးအထွက်နှုန်း မြှင့်မားရေးအတွက် ဘဏ္ဍာနှစ်အလိုက် မျိုးသန့်မျိုးစေ့ ထောက်ပံ့ပေးနိုင်ခဲ့မှု၊ ခရိုင်အတွင်း ဘဏ္ဍာနှစ် အလိုက် မိုးစပါးရိတ်သိမ်းထွက်ရှိမှု၊ ဆန်ဖူလုံမှု ရာခိုင်နှုန်း တိုးတက်လာသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး စံပြကွက်အတွင်း ရိတ်သိမ်းချွေလှေ့စက်အသုံးပြု၍ မိုးစပါးရိတ်သိမ်းမှုနှင့် ၆ ဒဿမ ၆ ပေပတ်လည် စံပြကွက်ဖြင့် တစ်ဧကပျှမ်းမျှအထွက်နှုန်း တွက်ချက်ရိတ်သိမ်းမှုတို့ကို ကြည့် ရှုအားပေးခဲ့ကြသည်။
ယင်းနောက် အဆိုပါ မတ်ပန်ကွင်းရှေ့ ကားလမ်းဘေး၌ ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် နှိုးဆောင်တိုက်တွန်းထားသည့် “ပူတာအိုဒေသ ဝမ်းစာဖူလုံဖို့ ဒီ(၃) နှစ်မှာ ကြိုးစားစို” ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဒေသခံတောင်သူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကာ တက်ရောက်လာသူများအား ချီးမြှင့် ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ဒုတ္ထန်ရပ်ကွက်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၀၇.၀၇၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် နည်းပညာကျောင်းသွားလမ်း အရှည်ပေ (၁၆၀၀)အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မူလာရှီးဒီကျေးရွာရှိ မူလာ ရှီးဒီကြိုးတံတား ကြံ့ခိုင်မှုနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုတို့ကို လည်းကောင်း၊ မြို့မရပ်ကွက် အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း (၁၀၀) ပံ့ပိုးချေးငွေဖြင့် Phoenix ဝိုင်ထုတ်လုပ် ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယအသင်းလီမိတက်၏ ဒေသထွက် ဂရိတ်ဖုသီးများဖြင့် ဝိုင်ထုတ်လုပ်မှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဝမ်းစာဖူလုံရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ အေးချမ်းသာယာချစ်ခင်စည်းလုံးသည့် လူမှုအသိုက်အဝန်းဖြစ်ပေါ်လာစေရေး ဘာသာရေးအသင်း အဖွဲ့အသီးသီးမှ ခေါင်းဆောင်များအနေဖြင့် ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသည့် ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ခေါင်းဆောင်များက အသင်းအဖွဲ့ပိုင် မြေနေရာရရှိရေး၊ လူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေး စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် အခြေခံပညာအထက် တန်းကျောင်း(ဒုတ္ထန်)ကျောင်းဝင်းအတွင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်း သား/ကျောင်းသူ (၁၅၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ဘောလုံးကန်သင်တန်းသို့ သွား ရောက်ပြီး ကျောင်းသား/သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ သင်တန်းအတွက် ဘောလုံးများ၊ နည်းပြများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အကြီးတန်းဘော လုံးအသင်းများ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်