တနိုင်း အောက်တိုဘာ ၃၁
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ အသံမစဲအဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှစ၍ တနိုင်းမြို့ ဆွတ်ငိုင် ရပ်ကွက်၊ သမိဒ္ဓေါဒယ သကျဝံသီ၊ သီလရှင် ကျောင်းတိုက်၌ ရွတ်ဖတ်ပူဇော်ကြသည်။
တနိုင်းမြို့ သမိဒ္ဓေါဒယ သကျဝံသီ ၊သီလရှင်ကျောင်းတိုက်ကြီးအတွင်း၌ ပထမအကြိမ် အသံ မစဲအဘိဓမ္မာ (၇) ကျမ်း ရွတ်ဘာသ်ပူဇော်ပွဲကြီးကို (၇)ရက်သားသမီးအပေါင်း ဘေးရန် ကင်းကွာ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြ၍ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝစေခြင်း အကျိုးငှာ ရည်ရွယ်၍ ရွတ်ဖတ်ပူဇော်ကြကြောင်းနှင့် တနိုင်မြို့နယ်တပ်နယ်မှ ဗိုလ်မှူးချုပ် မြတ်မင်းမိုးနှင့် ဇနီးဒေါ်နေခြည်မြင့် မိသားစု၊ အရာရှိ၊ အရာခံများ၊ အကြပ်စစ်သည် မိသားစုများမှ စက်သုံးဆီ(၇၂)ဂါလံနှင့် ဝတ္ထုငွေ(၁၅)သိန်း၊ စေတနာရှင်၊ အလှူရှင်များ၊ ဈေးသူ၊ ဈေးသားများက မတည်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
တနိုင်းမြို့ သမိဒ္ဓေါဒယ သကျဝံသီ၊ သီလရှင်ကျောင်းတိုက်၌ အသံမစဲအဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ (၂၉) ရက်မှ နိုဝင်ဘာလ (၆)ရက်နေ့အထိ (၉) ရက်တိုင်တိုင် ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မနောမြေ(တနိုင်း)