ကချင်ပြည်နယ်ဝန်ကြီးချုပ် သဒ္ဓါဓိကဗိမ္မာန်တော် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်၊ ပြည်သူ့ရင်ပြင်၌ သီတင်း ကျွတ် မီးထွန်းပွဲတော် လာရောက်လည်ပတ်သူများအား ကြည့်ရှုအားပေးပြီး စတုဒီသာဖြင့် ကျွေးမွေးဧည့်ခံ

မြစ်ကြီးနား   အောက်တိုဘာ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်အတွင်းရှိ သမိဒ္ဓေါဒယသီလရှင်ကျောင်းတိုက်အတွင်း တည်ဆောက်ပြီးစီးခဲ့သော သဒ္ဓါမိကဗိမ္မာန်တော် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်သည်။

ရှေးဦးစွာ သမိဒ္ဓေါဒယသီလရှင်ကျောင်းတိုက်အတွင်း အလှူရှင်များက တည်ဆောက်ပြီးစီးခဲ့ သော သဒ္ဓါမိကဗိမ္မာန်တော်သစ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် သီလရှင်တိုက် တိုက်တည်ဆရာကြီး ဒေါ်ဉာဏေထီအမှူးပြုသော အလှူဒါယိကာ၊ ဒါယကာမတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ တက်ရောက်လာသူများက ဆရာတော်/ သံဃာ တော်များထံ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တော်များနာယူ ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်သံဃာတော်များထံမှ အနုမောဒနာတရားတော်များ နာယူမှတ်သားကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် အောက်တိုဘာ ၂၈ ရက် ညပိုင်းက မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက် ပြည်သူ့ရင်ပြင်၌ မြန်မာ့ရိုးရာသီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပ ပြုလုပ်ရာ ပွဲတော်အတွင်း ပြည်သူများပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ပွဲတော်လာဧည့်ပရိတ်သတ်များအား ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ကုသိုလ်ကောင်းမှုအဖြစ် စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ထို့အပြင်မြန်မာ့ရိုးရာသီတင်းကျွတ်မီးထွန်းပွဲတော်ကို မြစ်ကြီးနားမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်း ဝင် စေတီတော်များဖြစ်သည့် လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်၊ အံတော်ရှင်စေတီ တော်တို့တွင်လည်း ပန်း၊ ရေချမ်း၊ ဆီမီးထွန်းညှိပူဇော်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများနှင့် စည်ကားလျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လာရောက်ကုသိုလ်ကောင်းမှုပြုသူများအား စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)