ဟိုပင်မြို့ရှိ ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားဖူးပြည်သူများ၊ ကောင်းမှုကုသိုလ် ပြုသူများဖြင့် စည်းကား

ဟိုပင် အောက်တိုဘာ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိ ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်းများ၌ ယနေ့တွင် ဘုရားလာရောက်ဖူးမျှော်သူများ ဆီမီးရေချမ်း ကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့်အတွက် မြို့ပေါ်ရှိ ဘုရားများ ဘုန်းတော်ကြီးကျောင်းများတွင် သီလဆောက်တည်သူများ စတုဒိသာ ကျွေးမွေးသူများ၊ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပါသည်။

ဟိုပင်မြို့တွင် ဘုရား(၁)ဆူ၊ စေတီ(၇)ဆူ၊ ဘုန်းတော်ကြီးကျောင်း (၄၈)ကျောင်းရှိရာ သီတင်းကျွတ် လပြည့်နေ့တွင် ဆီးမီးပူဇော်ခြင်း၊ ဘုရားလာရောက်ဖူးမျှော် လည်ပတ်သူများ ပိုမိုများပြားကြောင်းနှင့် မီးထွန်းပွဲတော်ကို ပါဝင်ဆင်နွဲ့ခဲ့ကြောင်း သိရသည်။

လင်းသွယ်သွယ်ဦး ပြန်/ဆက်