မိုးမောက် အောက်တိုဘာ ၂၇
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် မိုးစပါးစီမံကိန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်း (၂)သင်းရှိ အသင်းသား တောင်သူ(၇၂)ဦး၏ စိုက်ဧက(၂၀၇)ဧကတွင် ဆင်းဧကရီ-၃ စပါးမျိုးစိုက်ပျိုးထားရှိသည်။
ထိုသို့ စိုက်ပျိုးလျက်ရှိရာတွင် ကြံခင်းကျေးရွာ၊ ပိတောက်ရိပ်စိုက်ပျိုးရေးနှင့် အထွေထွေေ စီးပွားရေး သမဝါယမအသင်းရှိ အသင်းသား(၄၁)ဦး၏ စိုက်ဧက(၁၀၁)ဧကပေါ်တွင် မိုးစပါးရိတ်သိမ်းနေမှု အခြေအနေကို မြို့နယ်သမဝါယမဦးစီးဌာနဦးစီးမှူးနှင့်တာဝန်ရှိသူများမှ အောက်တိုဘာ(၂၆)ရက် နံနက်(၁၀)နာရီတွင် ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)