ပူတာအို အောက်တိုဘာ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နံရံကပ်စာ စောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လည် (၁၂)နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြပွဲတွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အသိပညာပေး ပြကွက်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များ၊ အေးချမ်းသာယာ ပြည်မြန်မာ ဓာတ်ပုံပြပွဲနှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသ ထားရှိမှုများကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာနှင့် ဝန်ထမ်းများက လိုက်လံရှင်းလင်း ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)