မချမ်းဘောမြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် ဓာတ်မြေသြဇာနှင့်သဘာဝမြေသြဇာ တွဲဖက် အသုံးပြုနည်း၊ သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်းပညာပေးခြင်းဆောင်ရွက်

မချမ်းဘော စက်တင်ဘာ ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင်  ဒေသခံတောင်သူများ စိုက်ပျိုးသီးနှံများ အထွက်နှုန်း တိုးတက်ကောင်းမွန်လာစေရန်နှင့် စိုက်ပျိုးသီးနှံတိုင်း သွင်းအားစု ဓာတ်မြေသြ ဇာနှင့် သဘာဝမြေသြဇာတို့ ကိုအချိုးကျသုံးစွဲတတ်စေရန်၊ မိမိဒေသထွက်ပစ္စည်းများဖြင့် သဘာဝမြေသြဇာ ပြုလုပ်အသုံးပြုတတ်လာစေရန် ရည်ရွယ်၍ တောင်သူပညာပေးဆွေးနွေးပွဲ နှင့်ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျတွဲဖက်သုံးစွဲနည်းနှင့် သဘာဝမြေဆွေးပြုလုပ် သုံးစွဲနည်း နည်းပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာ သူများဖြင့် စိုက်ပျိုးသီးနှံ ဖြစ်ထွန်းအောင်မြင်ရေးအတွက် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ကြဲပက်ပေးရမည့် အချိုးအဆများ၊ အချိန်ကာလများကိုအပြန်အလှန် မေးမြန်းဆွေးနွေးကြခြင်း၊ စပါယ်ရှယ်ဘိုကာရှီပြုလုပ်နည်း၊ ယူရီးယားစပါးခွံမြေဆွေးပြုလုပ်နည်း၊ EM ဘိုကာရှီမြေဆွေး ပုံပြုလုပ်နည်း နည်းပညာများ၊ ဒေသထွက်တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ စပါခွံ၊ဖွဲနု၊ဖွဲကြမ်း၊ ကောက်ရိုး၊ နှမ်းဖတ်၊မုန်ညှင်းဖတ်၊ သစ်ရွက်ခြောက်များဖြင့် အီအမ်ဘိုကာရှီ မြေဆွေးပြု လုပ်နည်း များလက်တွေ့သရုပ်ပြခဲ့ပြီး တောင်သူများအနေဖြင့် ကိုယ်တိုင် အီအမ်ဘိုကာရှီမြေ ဆွေးပြုလုပ်မည်ဆိုပါက စိုက်ပျိုးရေးဦံးစီးဌာနမှ အီအမ်များ အခမဲ့ထောက်ပံ့ပေးအပ်ခြင်း၊ တောင်သူများအား အိမ်တိုင်ရာရောက် ကွင်းဆင်းပြီးနည်းပညာများ ကူညီထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ယခုပညာပေးဆွေးနွေးပွဲမှ တဆင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ ရပ်ကွက်/ကျေးရွာများတွင် ဆင်ပွါးနည်ပညာများဖြန့်ဝေရန် ရည်ရွယ်ကြောင်းသိရှိရသည်။

ယောရွှေနီ(မချမ်းဘော့)