ဗန်းမော်မြို့၌ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ဗန်းမော် ဩဂုတ် ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေးဆောင်ရွက်မည့် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဗန်းမော်မြို့နယ် မံရေးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက သင်တန်းထွက် ကုန်ချောပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို  မန်ရေးကျေးရွာတွင် ကိုယ်ပိုင်လုပ်ငန်း ထူထောင်လိုသူ သင်တန်းသူ (၁၅)ဦးအား စက်ချုပ်နည်းပညာသင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကို (၂၄.၇.၂၀၂၃)ရက်နေ့မှ (၂၁.၈.၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် အမှန်တကယ် လုပ်ငန်းထူထောင်မည့် သင်တန်းသူ (၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)