မိုးကောင်းမြို့ မန်ရွက်ကျေးရွာ၌ စူပါအီအမ်ဘိုကာရှီ ပြုလုပ်နည်းပြသခြင်း တောင်သူပညာပေးသရုပ်ပြပွဲ ကျင်းပ

မိုးကောင်း ဩဂုတ် ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မိုးကောင်းမြို့နယ်ရုံးက စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်းပြသခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို မန်ရွက်ကျေးရွာရှိ တောင်သူ ဦးဆန်းညွှန်နိုင်နေအိမ်တွင် ဩဂုတ်(၂၀)ရက် နေ့လယ်(၂)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါတောင်သူပညာပေးသရုပ်ပြသပွဲတွင် မြို့နယ်ဦးစီးမှူး ဦးထွေးလှိုင်က စူပါအီးအမ် ဘိုကာရှီပြုလုပ်ပုံအဆင့်ဆင့်နှင့် သဘဝမြေဩဇာများပြုလုပ်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး အကျိုးများစွာရှိကြောင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးစနစ်ဖြစ်ကြောင်းပြောကြားပြီး လက်တွေ့ သရုပ်ပြသရာ တောင်သူလယ်သမား (၂၁)ဦး တက်ရောက်သည်။

စူပါအီးအမ်ဘိုကာရှီသည် သဘာဝမြေဩဇာဖြစ်ပြီး သီးနှံပင်၏ ရောဂါနှင့် ရာသီဥတုဒဏ်ခံနိုင်စွမ်းနှင့် သီးနှံထွက်နှုန်းကို တိုးတက်စေကြောင်း၊ မြေဆီလွှာအရည်အသွေးပိုမိုကောင်းမွန်လာစေကြောင်း၊ အာဟာရဓါတ်လိုအပ်သော သီးနှံများတွင် အခြားသော ဓါတ်မြေဩဇာနှင့် ရောစပ်အသုံးပြုနိုင်ကြောင်း၊ တစ်အိတ်လျှင် ၃၈၀၀၀ ကျပ်နှုန်းဖြင့် တစ်ဧကလျှင် ၂ အိတ်မှ ၅ အိတ်ထိ အသုံးပြိုနိုင်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)