မိုးညှင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မိုးညှင်း ဩဂုတ် ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်က ကလေးသူငယ်အခွင့်အရေး များဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများနှင့် ပတ်သက်၍ ရည်ရွည်ချက်နှင့် ရည်မှန်းချက်များ၊  ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများ၊ ကလေးသူငယ်၏ အခွင့်အရေးများ၊ ကလေးသူငယ်ကို မွေးစားခြင်းဆိုင်ရာများ၊ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုင်ရာများ စသည်တို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မိုးညှင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းမြင့်ခိုင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများနှင့် ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်က ကလေးသူငယ်များအား အကြမ်းဖက်ခြင်းဆိုင်ရာ များကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည့် အချက်များအား မေးမြန်းမှုကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဗီဒီယိုကို ဖွင့်လှစ်ပြသပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)