တနိုင်း ဇွန် ၂၅
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ ယမန်နေ့ နံနက်(၁၀) နာရီက လူထုအခြေုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ စာပေဝါ သနာရှင်များက "ကြောင်ချစ်သူ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “မျက်ခုံးမွေးဆွဲတံ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ “ဝင်းတံခါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ဒီလောင်ပန်းပွင့် ဒီဂုဏ်ကြောင့်ဝင့်ရ သလား” ခေါင်းစဉ်ဖြင့်အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများ တိုးပွားလာစေရန်၊ စာဖတ်သူ အချင်းချင်း ဗဟုသုတများဖလှယ်နိုင်စေရန်၊ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
ပိုင်ထွန်း(တနိုင်း)