လွယ်ဂျယ် ဇွန် ၁၉
၂၀၂၃ ခုနှစ် မိုးရာသီအကြို မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို လွယ်ဂျယ်မြို့အောင်ဇေယျာရပ်ကွက်ရှိ ဘောလုံးကွင်းတွင် ဇွန်လ ၁၈ ရက် နေ့လယ် ၃နာရီ တွင်ကျင်းပခဲ့သည်။
ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၉ သင်းက ဇွန်လ ၃ ရက်နေ့မှ စတင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲအဖြစ် ဇိုင်ဝါးအသင်းနှင့် ခပ်ခူးအသင်းသို့ယှဉ်ပြိုင်ကြရာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဇိုင်ဝါးအသင်းက ခပ်ခူးအသင်းကို ၅ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပေးအပ်ပွဲကိုကျင်းပရာ ပွဲစဉ်အလိုက်အကောင်းဆုံးနောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းဂိုးသမားနှင့် ဂိုးသွင်းအများဆုံးဆုရရှိသူများကို တာဝန်ရှိသူများက ဆုတံဆိပ်များ ချီးမြှင့်ကြသည်။
ဆက်လက်၍ ဆုရရှိသည့်အသင်းများအား ငွေသား၊ ဆွဲပြားနှင့် ဆုဖလားများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လွယ်ဂျယ် (ပြန်/ဆက်)