ကာမိုင်း ဇွန် ၁၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၉)နာရီက လူထုအခြေပြုခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ ပန်းချီအလေ့ အထကောင်းများ ရှိစေရန်နှင့် ယှဥ်ပြိုင်လိုစိတ်ရှိစေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို အ.ထ.က ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၉)ဦး ပါ၀င်ယှဥ်ပြိုင်ခဲ့ရာ ဆုရာရှိသူများကို မြို့ဦးစီးမှူး တာဝန်ခံ ဒေါ်ရွှေဇင်ဦးက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲ ဆက်လက်ပြသရာ ကလေးနှင့် သက်ဆိုင်သည့် စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့် စာအုပ်များကို ခင်းကျင်း ပြသ၍ ကလေးငယ်များနှင့် လူငယ်လူရွယ်များက စိတ်၀င်တစားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)