မံစီ ဇွန် ၁၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပ ကြောင်း သိရသည်။
ပန်းချီပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ လူငယ်များက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိပြီး မူးယစ်ဆေးဝါးအန္တရာယ် ကင်းဝေးစေရန်၊ အတွေးအခေါ် ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာစေရန်နှင့် စာကြည့်တိုက်ကိုပိုမို အသုံးချတတ်လာပြီး အသိပညာဗဟုသုတများ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မံစီမြို့မရဲစခန်း၊ အခြေခံပညာအထက်တန်းကျောင်း (မံစီ)တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀)ဦးက မူးယစ်ဆေးဝါး အန္တရာယ်နှင့် သက်ဆိုင်သည့် မိမိတို့နှစ်သက်ရာ ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို မံစီမြို့မရဲစခန်းမှူး ဒုတိယရဲမှူးဝင်းရွှေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦး နှင့် အခြေခံပညာအထက်တန်းကျောင်း(မံစီ) ကျောင်းအုပ် ဒေါ်ခင်နှင်းဝေတို့က ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို လည်း အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)