အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မံစီ ဇွန် ၁၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့  နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ကျင်းခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိပြီး မူးယစ်ဆေးဝါး အန္တရာယ် ကင်းဝေးစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးအကြောင်း ရေးသားထားသည့် စာအုပ် စာစောင်များ၊ အသိပညာ ဗဟုသုတများစွာရရှိစေမည့် သုတ ရသ စာအုပ် စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေး၊ ကလေးသူငယ် အလုပ်သမားပပျောက်ရေး  အသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးစသည့်    အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိတ်သတ် များ  စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)