မိုးကောင်း ဇွန် ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာအုပ်စုရှိ ဓမ္မာရာဇိက အောင်တော်မူဘုရားကြီးဝန်း၌ တည်ထားမည့် နဂါးရုံဘုရားပန္နက်တော် တင် မင်္ဂလာအခမ်းအနား ကို ယမန်နေ့ နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပင်းဘောရေတွင်းကုန်း သောဘဏာရာမကျောင်းတိုက် ဦးစီးပဌာနဆရာတော် ဒေါက်တာအရှင်ဃောဝံဒထံ ငါးပါးသီလခံယူကြသည်။
ထို့နောက် သောဘဏာရာမကျောင်းတိုက် ဆရာတော်ဘုရား၊ နဂါးရုံဘုရားမတည် အလှူရှင်နှင့် တက်ရောက်လာသူ ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ပန္နက်တိုင်(၁၂)တိုင်အား ရိုက်နှိပ်ခဲ့ကြပြီး အဆိုပါ နဂါးရုံဘုရားသည် ပတ်လည်ပေ(၁၀၀)ရေကန်အတွင်း အချင်းပေ(၄၀)၊ ဉာဏ်တော် (၁၈)ပေ၊ နဂါး(၃)ရုပ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)