ရှင်ဗွေယန် ဇွန် ၉
ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၈၇)ဦး ဝင်ရောက်ဖြေဆိုရာ အောင်မြင်သူ (၆၉) ဦး အောင်မြင်ကြောင်း သိရှိရသည်။
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရှင်ဗွေယန်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနမှ သုံးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ နှစ်ဘာသာဂုဏ်ရှင် (၁၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၈) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၇) ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ(၁)ဦး စုစုပေါင်း အောင်မြင်သူ (၆၉) ဦးရှိပြီး စာမေးပွဲဖြေဆိုအောင်မြင်သည့် ရာခိုင်နှုန်း (၇၉.၃၁) ရာခိုင်းနှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ရှင်ဗွေယန် (ပြန်/ဆက်)