ချီဖွေမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၇၁ ဒဿမ ၄၃) ရာခိုင်နှုန်း အောင်မြင်

ချီဖွေ ဇွန် ၉

ကချင်ပြည်နယ်၊ ချီ‌ဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၈) ဦး ဝင်ရောက်ဖြေဆိုရာ  အောင်မြင်သူ (၂၀) ဦး ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ချီဖွေမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း စာစစ် ဌာနမှ အ-ထ-က(ချီဖွေ)ကျောင်းသား၊ ကျောင်းသူ (၅) ဦး၊ အ-ထ-က (နိုဇွန်ဘော်) ကျောင်းသား၊ ကျောင်းသူ (၁၁) ဦး စုစုပေါင်း (၁၆) ဦးနှင့် ပြင်ပဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၄) ဦး စုစုပေါင်း (၂၀) ဦး အောင်မြင်ခဲ့ပြီး ရိုးရိုးအောင်မြင်သူ (၁၇)ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁) ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁) ဦး၊ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁) ဦးရှိပြီး စာမေးပွဲဖြေဆိုအောင်မြင်သည့် ရာခိုင်နှုန်း (၇၁ ဒဿမ ၄၃) ရာခိုင်းနှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယော်ကိ(ပြန်/ဆက်)