ဖားကန့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၇၀၄)ဦးဖြေဆိုရာ (၅၀၀)ဦး အောင်မြင်

ဖားကန့် ဇွန် ၉

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ(၉)ရက် နံနက်ပိုင်းက ထွက်ရှိရာ တက္ကသိုလ်စာမေးပွဲဖြေဆို အောင်မြင်သူ (၇၁)ရာခိုင်နှုန်းကျော်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။

ဖားကန့်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းတွင်း ဖြေဆိုသူနှင့် ကျောင်းပြင်ပဖြေဆိုသူ စုစုပေါင်း(၇၀၄)ဦး ဖြေဆိုခဲ့ရာ (၅၀၀)ဦး အောင်မြင်ခဲ့သည့် အတွက် အောင်ချက်ရာခိုင်နှုန်းမှာ (၇၁.၀၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖားကန့်မြို့နယ်အတွင်း လေးဘာသာဂုဏ်ထူးရှင်(၁၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၄၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၄၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၄၃)ဦးရှိကြောင်း သိရသည်။

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူ(၂၃၇)ဦးနှင့် ရိုးရိုး အောင်မြင်သူ(၂၆၃)ဦး စုစုပေါင်း(၅၀၀)ဦးရှိကြောင်း သိရသည်။ ယခင် ဖားကန့်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ စုစုပေါင်း(၃၆၄)ဦး ဖြေဆိုရာ (၁၁၃)ဦး အောင်ချက်ရာနှုန်း (၃၁.၀၄)ရာနှုန်းရှိပြီး သုံးဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၃၁)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၇၂)ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)