ဗန်းမော် ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက် ၆ နာရီက စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း (၇၅.၁၅) ရာခိုင်နှုန်းအထိရှိပြီး ယခင်နှစ်များထက် အောင်မြင်မှုရာခိုင်နှုန်း မြင့်မား ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဗန်းမော်မြို့နယ် ပညာရေးမှူးရုံးနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကပ်ထားကြေညာ ပေးလျက်ရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဗန်းမော်မြို့နယ်၌ စာစစ်ဌာန(၃)ခုဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၁၉၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၈၉၈)ဦး အောင်မြင်ခဲ့သည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အောင်မြင်မှု ရာခိုင်နှုန်း (၅၁.၂၄) ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အောင်မြင်မှု ရာခိုင်နှုန်း (၇၅.၁၅) ရာခိုင်နှုန်းထိ ရှိကြောင်းနှင့် ယခုနှစ်အတွင်း (၅)ဘာသာဂုဏ်ထူးရရှိသူ(၁၀)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရရှိသူ(၁၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၅၅)ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၅၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၂၃၈)ဦးအထိ ဂုဏ်ထူးရရှိသူ စုစုပေါင်း(၃၆၈)ဦး ထိရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်