မံစီမြို့နယ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုရာခိုင်နှုန်း ယခင်နှစ်များထက်မြင့်မားလာ

မံစီ ဇွန် ၉

၂၀၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက် ၆ နာရီက စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်၏ အောင်မြင်မှုရာခိုင်နှုန်း (၆၁ ဒသမ ၁၈) ရာခိုင်နှုန်းအထိရှိပြီး ယခင်နှစ်များထက် အောင်မြင်မှု ရာခိုင်နှုန်းမြင့်မားလျက်ရှိကြောင်း သိရသည်။

မံစီမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အခြေခံပညာအထက်တန်း ကျောင်း(မံစီ) စာစစ်ဌာန (၁) ခုဖြင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၅၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ သည့်အနက် (၉၃)ဦးအောင်မြင်ခဲ့သည်။ မြို့နယ်၏ ယခင်နှစ်များအတွင်း တက္ကသိုလ်ဝင်တန်းအောင် မြင်မှု ရာခိုင်နှုန်းမှာ ၂၀၁၈ ခုနှစ်တွင် ( ၁၅ ဒသမ ၆၁ ) ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ( ၁၈ ဒသမ ၀၄ ) ရာခိုင်နှုန်း၊ ၂၀၂၀ ခုနှစ်တွင် (၁၆ ဒသမ ၄၂) ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် (၄၁ ဒသမ ၂၇)ရာခိုင်နှုန်း ဖြစ်ပြီး ယခုနှစ်အောင်မြင်မှုသည် (၅) နှစ်သာကာလအတွင်း အောင်မြင်မှု ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်ကြောင်း၊ ( ၃ )ဘာသာဂုဏ်ထူးရရှိသူ (၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၁၀)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရရှိသူ (၃၃)ဦး စသည်ဖြင့် ဂုဏ်ထူးရရှိသူစုစုပေါင်း (၄၈)ဦးအထိရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)