ဗန်းမော် ဇွန် ၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံကြီး ကလေးအထူးကုသဆောင်၌ မွေးကင်းစအရွယ်မှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း ၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ဇွန် ၉ ရက် နံနက် ၉ နာရီခန့်က ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်စိုး၊ ကလေးအထူးကု ဒေါက်တာဒေါ်အေးမြသီတာအောင်တို့က ဦးဆောင်၍ သူနာပြုအုပ်ဒေါ်မီမီနွယ်နှင့် ဆရာမကြီး၊ ဆရာမငယ်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဗန်းမော်မြို့ပေါ်ရပ်ကွက်များရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်တစ်ပတ်လျှင် (၂)ကြိမ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)