ဆွမ်ပရာဘွမ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဆွမ်ပရာဘွမ် ဇွန် ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် လောကဇာတ်ခုံပေါ်မှာ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါခင်မျိုးမြင့်က စာဖတ်ခြင်း၏ အလေ့အကျင့်ကောင်းများ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးအေးဇော်အောင်က စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် လောကဇာတ်ခုံပေါ်မှာ စာအုပ်ထဲမှာပါသည့် ရေဆန်ကိုလည်း လှော်ရမှာပဲ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးအောင်မျိုးထွန်းက စာဖတ်ကျင့်၊ စာဖတ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊(Book Club) အဖွဲ့ဝင် ဦးရှီလာဇော်ဖန်က ခေတ်မီရမှာက ပညာဗဟုသုတ ခေါင်းစဉ်များဖြင့် အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စာအုပ်များ ငှားရမ်းပေးခြင်း၊ (Talk Show) နှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းအပြင် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်းလစဉ် ကျင်းပပြုလုပ် လျက်ရှိကြောင်းသိရသည်။

နန်းမြင့်(ပြန်/ဆက်)