မိုးညှင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

မိုးညှင်း ဇွန် ၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းများကို စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇွန်လ(၉)ရက် နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သူ (၁၂၄၅)ဦးတွင် အောင်မြင်သူ (၉၆၁)ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၇၇)ဒဿမ (၁၉)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာနသုံးခုဖြစ်သည့် အထက(၁)မိုးညှင်း၊ အထက(မြသီတာ)နှင့် အထက(အင်းတော်ကြီး)တို့တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၂၄၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ အောင်မြင်သူ (၉၆၁)ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၇၇)ဒဿမ (၁၉)ရာခိုင်နှုန်းရှိပြီး ခြောက်ဘာသာဂုဏ်ထူး (၁)ဦး၊ ငါးဘာသာဂုဏ်ထူး (၁၂)ဦး၊ လေးဘာသာဂုဏ်ထူး (၁၃)ဦး၊ သုံးဘာသာဂုဏ်ထူး (၈၃)ဦး၊ နှစ်ဘာသာဂုဏ်ထူး (၁၀၃)ဦးနှင့် တစ်ဘာသာဂုဏ်ထူး (၂၈၇)ဦး စုစုပေါင်းဂုဏ်ထူးရှင် (၄၉၉)ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေမိုးညှင်း (ပြန်/ဆက်)