မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မိုးကြိုးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

မချမ်းဘော ဇွန် ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် အများပြည်သူများ မိုးကြိုကာလနှင့် မိုးနှောင်းကာလ များတွင် ဖြစ်ပွားတတ်သော လျှပ်စီးလက်ခြင်း မိုးကြိုးပစ်ခြင်း အန္တရာယ်ကာကွယ်ရေး အသိပညာများ သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မိုးကြိုးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ ညနေ ၄ နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က Talk Show ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ မီးသတ်ဦးစီးဌာန တာဝန်ခံ ဦးဝဒမ်းခေါင်ဆင်က မိုးကြို ကာလနှင့် မိုးနှောင်းကာလများတွင် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သည့် မိုးကြိုးပစ် ခြင်းအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် မိမိနေအိမ်အဆောက်အဦးများတွင် ဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စီးလက်နေစဥ် မပြုလုပ်ရမည့် အချက်များ၊ မကိုင်တွယ်သင့်သောအရာများ၊ နေအိမ်တွင်း၌ ရှိနေစဥ် လိုက်နာဆောင်ရွက်ရမည့်အချက်များ တောအုပ်များ၊ ကွင်းပြင်များတွင် ရောက်ရှိနေချိန် တွင် နေထိုင်ပြုမူ ရမည့်အချက်များ၊ လူစုလူဝေးတွင် ရောက်ရှနေချိန်တွင် ဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စီးလက်နေ သည်ဟု သိရှိပါက နေထိုင်ရမည့် ခန္ဓာကိုယ်အနေအထား၊ မိုးကြိုးပစ်ပြီးနောက် မီးဘေးအန္တရာယ်ပါ မကျရောက်ရလေအောင် သိရှိလိုက်နာကြရမည့်အချက်များကို အများပြည်သူများ သိရှိအောင် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

မချမ်းဘောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အသိပညာ ပေးလုပ်ငန်းများကို မြေပြင်ကွင်းဆင်း၍ သော်လည်း ကောင်း အွန်လိုင်းမှတစ်ဆင့်သော်လည်းကောင်း အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)