မိုးကောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၈၀ ရာခိုင်နှုန်းခန့်ရှိ

မိုးကောင်း ဇွန် ၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့၌ ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားပြီဖြစ်ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း မြို့နယ်ပညာရေးမှူးရုံးနှင့် အထက(၁) စာစစ်ဌာန၌လည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို ထုတ်ပြန်ထားကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် စာရင်းရှိ(၈၄၂)ဦးမှ ဖြေဆိုသူ(၇၉၆)ဦးအနက် (၆၃၃)ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၇၉ ဒဿမ ၅၂ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်စာရင်းထုတ်ပြန်ချက်တွင် (၆)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁၀)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၅၈)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၇၀)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၁၆၉)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၁၂)ဦးရှိပြီး မြန်မာစာ(၂၆)ဦး၊ အင်္ဂလိပ်စာ (၃)ဦး၊ သင်္ချာ (၂၅)ဦး၊ ဓာတုဗေဒ (၆၃)ဦး၊ ရူပဗေဒ(၅၂)ဦး၊ ဇီဝဗေဒ(၅၅)ဦး၊ ပထဝီ(၁၀၇)ဦး၊ သမိုင်း(၈၂)ဦးနှင့် ဘောဂ ဗေဒ(၁၈၀)ဦးတို့ ဂုဏ်ထူးအသီးသီးထွက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)