မချမ်းဘောမြို့နယ်၌ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများ ထုတ်ပြန်ကြေညာ

မချမ်းဘော ဇွန် ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယနေ့ နံနက်  ၆ နာရီမှစ၍ အထက မချမ်းဘောစာစစ် ဌာန၌ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

မချမ်းဘောမြို့နယ်ရှိ အ.ထ.က (မချမ်းဘော) စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ စုစုပေါင်း (၄၅) ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်မြင်သူများတွင် ဝိဇ္ဇာဘာသာရပ် (၄) ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ (၁) ဘာသာ ဂုဏ်ထူးရှင် (၁၃)ဦး စုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သူ (၂၇)ဦး၊ ရိုးရိုးအောင်မြင်သူ (၁၈)ဦး အောင်မြင်ခဲ့ပြီး ဖြေဆိုသူ စုစုပေါင်း၏ ၆၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)