ပူတာအို ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်(၆)နာရီမှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာလျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/ မြို့နယ် ပညာရေးရုံးများနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာခဲ့သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာတွင် ပူတာအိုစာစစ်ဌာနတွင် (အတွင်းဖြေ၊ ပြင်ပဖြေ) ဖြေဆိုသူပေါင်း(၄၀၂)ဦး၊ အောင်မြင်သူ ပေါင်း(၂၇၁)ဦး၊ အောင်ချက်ရာခိုင်နှုန်း (၆၇.၄၁) ရာခိုင်နှုန်း၊ မချမ်းဘော စာစစ်ဌာနတွင် (အတွင်း၊ ပြင်ပ) ဖြေဆိုသူပေါင်း(၆၅)ဦး၊ အောင်မြင်သူပေါင်း (၄၅)ဦး၊ အောင်ချက်ရာ ခိုင်နှုန်း(၆၉.၂၃)ရာခိုင်နှုန်း၊ နောင်မွန်စာစစ်ဌာနတွင် (အတွင်း၊ ပြင်ပ) ဖြေဆိုသူပေါင်း(၅၉)ဦး၊ အောင်မြင်သူ(၃၀)ဦး၊ အောင်ချက် ရာခိုင်နှုန်း (၅၀.၈၅)ရာခိုင်နှုန်း၊ ခေါင်လန်ဖူး စာစစ်ဌာနတွင် (ပြင်ပ)ဖြေဆိုသူပေါင်း (၂၅)ဦး၊ အောင်မြင်သူပေါင်း(၁၆)ဦး၊ အောင်ချက် ရာခိုင်နှုန်း(၆၄.၀၀၀)ရာခိုင်နှုန်း၊ ဆွမ်ပရာဘွမ်စာစစ်ဌာနတွင် (အတွင်း၊ ပြင်ပ) ဖြေဆိုသူပေါင်း(၁၄)ဦး၊ အောင်မြင်သူပေါင်း (၁၁)ဦး၊ အောင်ချက်ရာခိုင်နှုန်း(၇၈.၅၇)ရာခိုင်နှုန်း စုစုပေါင်း (အတွင်း၊ ပြင်ပ) ဖြေဆိုသူပေါင်း(၅၆၅)ဦး၊ အောင်မြင်သူပေါင်း (၃၇၃)ဦး၊ အောင်ချက်ရာခိုင်နှုန်း (၆၆.၀၂)ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ပူတာအိုခရိုင်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်ချက်အရ လေးဘာသာ ဂုဏ်ထူးရှင်(၁) ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၃၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၅၂)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၀၃)ဦးနှင့် ရိုးရိုးအောင်မြင်သူပေါင်း(၁၈၄)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်