တနိုင်းမြို့နယ်၌ ပညာအလင်းငွေစုငွေချေး သမဝါယမအသင်း (လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အစည်းအဝေးကျင်းပ

တနိုင်း ဇွန် ၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ပညာအလင်းငွေစုငွေချေး သမဝါယမအသင်း (လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အစည်းအဝေးကို  ယနေ့ နံနက် (၉) နာရီက အမှတ်(၁) အခြေခံအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပညာအလင်းငွေစုငွေချေး  သမဝါယမအသင်း (လီမိတက်) သဘာပတိကြီးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးရန်းယဉ်က အဖွင့်အမှာစကား ပြောကြားရာတွင် သမဝါယမ မြန်မာနိုင်ငံသို့ ပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံဆိုရှယ်လစ်ပါတီခေတ်က မြန်မာနိုင်ငံသမဝါယမ၏ စီးပွားရေးမဏ္ဍိုင်ထုတ်ကုန်တွေ သာမက ဝယ်သူ ပြည်သူများ သို့ ပြန်လည်ဖြန့်ဖြူးပေးခဲ့ပြီး ပြည်သူလူထု၏ စီးပွားရေးကိုချုပ်ကိုင်ခဲ့ကြ‌ကြောင်း ယနေ့ခေတ် ဈေးကွက်စီးပွားရေးစနစ်တွင် ပြည်သူလူထုများက လွတ်လပ်စွာစီးပွားရေးစနစ်ကို ကျင့်သုံးလာခဲ့ ကြကြောင်း ပြောကြားပြီး အမှုဆောင်ဒါရိုက်တာ ဦးသက်ဟိန်းက အစီရင်ခံစာ တင်သွင်းပြီး မြို့နယ်သမဝါယမ ဌာနခွဲစာရေးကြီးဦးခွမ်းဆန့်က ဘဏ္ဍာရေးရှင်းတမ်းများ ရှင်းလင်းဖတ်ကြားခဲ့သည်။

အမူဆောင်အစီရင်ခံစာနှင့် ဘဏ္ဍရေးရှင်းတမ်းများဆောင် အစီရင်ခံစာနှင့် ဘဏ္ဍရေးရှင်းတမ်းများကို သဘာပတိကြီးမှ အသင်းသားများထံ အတည်ပြုချက် ရယူခဲ့ပြီး  ပညာအလင်း ငွေစုငွေချေး  သမဝါယမ အသင်း(လီမိတက်) သဘာပတိကြီးမှ နိဂုံးချုပ်အမှားစကား ပြောကြား‌ခဲ့ကြောင်း သိရ သည်။

ပိုင်ထွန်း(တနိုင်း)