မချမ်းဘော ဇွန် ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းနှင့်ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ သွေးပေါင်ချိန်ချိန်ပေးခြင်း၊ ကိုယ်ဝန်အခြေအနေစမ်းသပ်ခြင်း၊ ဆီးစစ်ပေးခြင်း၊ သန်ချဆေးပြားတိုက်ကျွေးခြင်း၊ သံဓာတ်ဖောလိတ် ကိုယ်ဝန်ဆောင်အားဆေး နေ့စဥ်သောက်ရန်ပေးခြင်း၊ မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆစ်ဖလစ်ရောဂါသွေးစစ်ပေးခြင်း၊ တီဘီရောဂါလက္ခဏာရှိမရှိမေးမြန်းခြင်း၊ ဗီတာမင်ဘီဝမ်းဆေးဆေးသောက်ရန်ပေးခြင်း၊ မွေးဖွားခါနီးလက္ခဏာများအားအသိပေးခြင်း၊ မွေးဖွာခြင်းဆိုင်ရာများကို ကိုယ်ဝန်လအလိုက် ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်ပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော့)