မချမ်းဘော ဇွန် ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံး ယမန်နေ့ နံနက်မှစ၍ စတင်ဖွင့်လှစ်ပညာ သင်ကြား လျက်ရှိကြောင်း သိရသည်။
မချမ်းဘောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း (၂၅)ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ အထက်တန်းကျောင်း(၂) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁) ကျောင်း အခြေခံပညာကျောင်း စုစုပေါင်း (၃၄)ကျောင်း ဖွင့်လှစ်ကာ ပညာသင်ကြားလျက်ရှိပြီး မူလတန်းကျောင်းသား၊ ကျောင်းသူ(၁၇၂၂)ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ(၅၉၂)ဦး၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ(၁၇၂၂)ဦး စုစုပေါင်း (၂၅၄၅)ဦး တက်ရောက်ပညာသင်ကြယူလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)