မိုးကောင်း ဇွန် ၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ဇွန်လ(၁)ရက်နေ့ နံနက်(၉)နာရီတွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၃၀)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၆)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၄)ကျောင်းတို့မှ မူလတန်းအဆင့် (၁၆၃၆၆)ဦး၊ အလယ်တန်းအဆင့် (၅၇၀၂)ဦးနှင့် အထက်တန်းအဆင့်(၂၆၉၀)ဦး စုစုပေါင်း ကျောင်း သားကျောင်းသူ(၂၄၇၅၈)ဦး တက်ရောက်သင်ကြားလျှက်ရှိကြောင်း သိရသည်။
“ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့” ဆောင်ပုဒ်ဖြင့် မိုးကောင်းမြို့နယ် ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၃)ရက်မှစတင်လက်ခံခဲ့ပြီး ယနေ့ဇွန်လ(၁)ရက်နေ့တွင် ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာဖြင့် ကျောင်းတက်နေကြပြီ ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)