ကာမိုင်း ဇွန် ၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ဧရိယာအတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအား ယနေ့နံနက် (၉)နာရီမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းများဖွင့်လှစ်ရာတွင် အ.မ.က(၈)ကျောင်း၊ အ.မ.ကမှုလွန် (၂)ကျောင်း၊ အ.လ.က(ခွဲ) (၂)ကျောင်း၊ အ.ထ.က(ခွဲ) (၂)ကျောင်းနှင့်အ.ထ.က (၁)ကျောင်း စုစုပေါင်းအခြေခံ ပညာ(၁၅)ကျောင်းတွင် ပညာသင်ကြားသော ကျောင်းသားကျောင်သူများသည် အေးချမ်းစွာဖြင့် ပညာသင်ကြား လျက်ရှိကြောင်းနှင့် ဆက်လျက်၍ကျောင်းသား ကျောင်းသူအသစ်များကိုလည့် ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)