ပူတာအိုခရိုင်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Talk Show   ဆွေးနွေး

ပူတာအို   ဇွန်   ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၃ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ အကြောင်း အရာများအား သိရှိစေရန်နှင့်ပလပ်စတစ်၏ဆိုးကျိုးများအားပြည်သူများသိရှိပြီး ပလပ်စတစ်သုံး စွဲမှုလျော့ချရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Talk Show ကို ဇွန်(၁)ရက် နံနက်(၁၁) နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌ ကျင်းပသည်။

Talk Showဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက  Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတူးခေါင်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၂၃-ခုနှစ် ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆောင် ပုဒ်နှင့်ဆောင်ပုဒ်၏ အဓိပ္ပာယ်၊ ပလပ်စတစ်၏ အဓိပ္ပာယ်၊ ပလပ်စတစ်အမျိုးအစား၊ ပလပ်စတစ်၏ ကောင်းကျိုး ဆိုးကျိုးများ၊ပလပ်စတစ် တိုက်ဖျက် ရေးတွင် ပြည်သူများပူးပေါင်း ဆောင်ရွက်သင့်သည့် အချက်များကိုရှင်း လင်းဆွေးနွေးသည်။

အဆိုပါ Talk Showဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃-ခုနှစ် ဇွန်လ(၅)ရက်နေ့ တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “ ပလပ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့”ဆောင်ပုဒ်ဖြင့်အခမ်းအနားများ၊ ပြပွဲ၊ ပြိုင်ပွဲများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)