မိုးမောက်မြို့၌ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ

မိုးမောက်       ဇွန်   ၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၃-၂၄ပညာသင်နှစ်ဝန်ထမ်းသားသမီးများကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို မေလ ၃၁ ရက် နံနက် ၁၁နာခွဲခန့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိ ရသည်။        

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မောင်မောင်က အဖွင့်အမှာ စကားပြော ကြားပြီး ဝန်ထမ်းသား/သမီး(၃၈)ဦး၊ တက္ကသိုလ်တက်ရောက်ဆဲဝန်ထမ်း(၄)ဦး၊ စုစုပေါင်း (၄၂)ဦး တို့အတွက်  မူကြိုအဆင့် (၅၀၀၀)ကျပ်နှုန်း၊ အခြေံပညာမူလတန်းအဆင့်(၈၀၀၀) ကျပ်နှုန်းနှင့် ဗလာစာအုပ်(၆)အုပ်၊ အလယ်တန်းဆင့်(၁၀၀၀၀) ကျပ်နှုန်းနှင့် ဗလာစာအုပ်(၁)ဒါဇင်၊ အထက်တန်းဆင့် (၁၂၀၀၀)ကျပ်နှုန်းနှင့်ဗလာစာအုပ်(၁)ဒါဇင်၊တက္ကသိုလ်ဆင့်(၁၅၀၀၀)ကျပ်နှုန်းဖြင့်

စုစုပေါင်းငွေကျပ်(၄၈၁၀၀၀)နှင့်ဗလာစာအုပ်ဒါဇင်(၂၀)ထောက်ပံ့ပေးအပ်ရာ ကျောင်းသား/သူများမှ လက်ခံရယူခဲ့ကြောင်းသိရှိရသည်။

 ဆက်လက်၍ မံပုံကျေးရွာအုပ်စု၊ ပီမိုးနှင်းကျေးရွာတွင်နေထိုင်လျက်ရှိသော စစ်တိမ်းရှောင် မိသားစု၀င်များ၏ ကျောင်းနေအရွယ်ကလေးငယ် ၁၆ ဦးတို့အတွက် တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နူန်း ဖြင့် စုစုပေါင်း ၁၆၀၀၀၀ ကျပ်တို့ကို ပညာသင်စရိတ်ထောက်ပံ့ကြေးအဖြစ်ပေးအပ်ခဲ့ ကြောင်းသိရှိရ သည်။

မြို့နယ် ပြန်/ဆက်