ဗန်းမော်မြို့တွင်၂၀၂၃-၂၀၂၄ပညာသင်နှစ်အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်လျက်ရှိ

ဗန်းမော်      ဇွန်     ၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ဇွန် (၁) ရက် နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင် အေးချမ်းစွာဖြင့် စတင်၍ ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးနေ့ကို မေလ (၂၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းသား၊ကျောင်းသူများအတွက် ပုံနှိပ်ဖတ်စာအုပ်များ ၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ဗန်းမော်မြို့နယ် အတွင်းအခြေခံပညာအထက်တန်းကျောင်း(၁၀)ကျောင်း၊အခြေခံပညာအထက်တန်း  ကျောင်းခွဲ(၆)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၁၂)ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း  (၇)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၁၁)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း(၃၃)ကျောင်း ၊အခြေခံပညာမူလတန်းကျောင်းခွဲ(၁)ကျောင်း၊ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၆)ကျောင်း ၊ ကိုယ်ပိုင်ကျောင်း (၆)ကျောင်း စုစုပေါင်း(၉၂)ကျောင်း ဖွင့်လှစ်၍ စတင်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ခရိုင်ပြန်/ဆက်