တနိုင်း ဇွန် ၁
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက မေလ ၃၀ ရက်နေ့ မွန်းလွှဲ ၁ နာရီက လူထုအခြေုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းနှင့် စာဖတ်ခြင်း၏ အလေ့အကျင့်ကောင်းများ၊ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာပေစကားဝိုင်းတွေ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးကောင်းဇင်သော်က ဆောင်ရွက်ပြီး တက်ရောက်လာသူများက "ဆရာကြီးမင်းသုဝဏ်၏ ကလေးကဗျာများ" စာအုပ်မှ ကဗျာများဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများတိုးပွားလာစေရန်၊ စာဖတ်သူ အချင်းချင်း ဗဟုသုတများဖလှယ်နိုင်စေရန်၊ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်း ဖြင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်ရှိရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)