မိုးမောက်မြို့၌ (၇၅)နှစ်မြောက် မြန်မာရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းပုံများ နံရံကပ်ပြဘုတ်ပြသခြင်း ဆောင်ရွက်

မိုးမောက် ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းပုံများ နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီ ခန့်က ဆောင်ရွက်ခဲ့သည်။         

အဆိုပါ နံရံကပ်ဘုတ်ကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူပေါင်းဆောင်ရွက်မှုမှတ်တမ်း ဓာတ်ပုံများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ ပြသခြင်းနှင့် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာများမှဆောင်းပါးများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုပြသခဲ့ရာ စာဖတ်ပရိသတ် လူငယ်လူရွယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)