တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျွန်းရွှေဝါခန်းမတွင် လူငယ်စကားဝိုင်းကျင်းပ

တံတားဦး ဇန်နဝါရီ ၂၁

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊  ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့် ပြည်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက်(၁၀)နာရီက တံတားဦးမြို့ သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျွန်းရွှေဝါခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်သန်းက အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေပြီး အသိပညာဗဟုသုတတိုးပွားစေရန် အချင်းချင်းအသိပညာ အတတ်ပညာဖလှယ်နိုင်စေရန် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်ရည်ရွယ်ပြီး  လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင် ဦးဆောင်ကာ သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade-11 မှ ကျောင်းသူ မသင်းလဲ့လဲ့ဖြိုးက လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့်၎င်း၊  Grade-11 မှ ကျောင်းသူ မသီရိရွှေစင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်၎င်း၊  Grade-11 မှ ကျောင်းသူ မအိသဇင်မိုးက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်၎င်း၊ Grade–10  ကျောင်းသူ မဇင်မာတင့်က လူငယ်နှင့်မီဒီယာ ခေါင်းစဉ်ဖြင့် ၎င်း Grade-10 မှ ကျောင်းသူ မရွှေစင် ကလျာထက်ထက်ကျော်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်၎င်း အသီးသီးဆွေးနွေးခဲ့ကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  စာအုပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲတို့ကို ဆက်လက်ခင်းကျင်းပသရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ဖတ်မှတ်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။

ဦးရဲတင့်( ပြန်/ဆက်)