ကာမိုင်း ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၁၀) နာရီ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှကြီးမှူး၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး စာကြည့်တိုက် အသင်း၀င်ကျောင်းသား ကျောင်းသူများဖြင့် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ (၄) ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စကားပုံဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို (အထက) ကျောင်းမှ ကျောင်းသား ကျောင်းသူ (၁၅) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို မြို့ဦးစီးမှူးတာ၀န်ခံ ဒေါ်ရွှေဇင်ဦးက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲတွင် ကလေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသ၍ ကလေးငယ်များက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လဆိုင်း (ပြန်/ဆက်)