မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြန်မာစကားပုံဆက်ပြိုင်ပွဲကျင်းပ

မံစီ နိုဝင်ဘာ ၁၁

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြန်မာစကားပုံဆက် ပြိုင်ပွဲကျင်းပခဲ့သည်။

အဆိုပါစကားပုံဆက်ပြိုင်ပွဲအား ကျောင်းသား ကျောင်းသူလူငယ်များ မြန်မာစကားပုံများနှင့် မြန်မာစာပေများကို သိရှိနားလည်ပြီး ပို၍ချစ်မြတ်နိုးလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မား လာစေရန်၊ စာပေများကိုလေ့လာဖတ်ရှုပြီး စာကြည့်တိုက်များအား ပို၍အသုံးချတတ်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အခြခံပညာအထက်တန်းကျောင်း(မံစီ)မှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူလူငယ် စုစုပေါင်း (၂၅) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ဆုများချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသား ကျောင်းသူများ အားလုံးကိုလည်း အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)