Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ကွန်ဟိန်းမြို့၌ ODK Collect Application ဖြင့် စာရင်းကောက်ယူပြီး ထောက်ပံ့ရန်ကျန်ရှိခဲ့သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့
Nov 26,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ Maternal and Child Cash Transfer Program (MCCT)အရ ODK Collect Application ဖြင့် စာရင်းကောက်ယူပြီး ထောက်ပံ့ရန်ကျန်ရှိခဲ့သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ ကိုဗစ်-၁၉ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူများအား နေအိမ်တွင် အသွားအလာ ကန့်သတ်ထားရှိ
Nov 26,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့၊ မုန်ဒိန်ရပ်ကွက်၊ "ရွှေတိုးအောင်"တည်းခိုခန်းတွင် ဦးသက်မော်(ခ) အငယ်လေးမှာ (၂၁.၁၁.၂၀၂၀)ရက်နေ့တွင် အခန်းအမှတ်(၂၀၅)တွင် တည်းခို၍ ညအိပ်ရပ်နားခဲ့ပြီး (၂၂.၁၁.၂၀၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တနိုင်းမြို့၊ ချမ်းငြိမ်းစည် မော်တော်ယာဉ်လိုင်းဖြင့် မိုးကောင်းမြို့၊ ရွှေကျောက်စိမ်းကားဂိတ်သို့ ရောက်ရှိပြီး ၎င်းသည် (၂၃.၁၁.၂၀၂၀) ရက်နေ့တွင် မိုးကောင်းမြို့မှ မန္တလေးမြို့၊ မန္တလေးမှ မုံရွာသို့ ခွေးဘီလူးကားဖြင့် ၎င်း၏နေရပ် ချောင်းဦးမြို့နယ်၊ ကျီးကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျီးကုန်း(အထက) CBFQ ထားရှိရာမှ အနံ့၊ အရသာပျောက်သဖြင့် ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသဖြင့် ၎င်းနှင့်ထိတွေ့ဆက်စပ်သူများအားစစ်ဆေး၍ "ရွှေတိုးအောင်"တည်းခိုခန်း မန်နေဂျာအား နှာခေါင်းတို့ဖတ်များ ရယူ၍ ကျန်းမာရေး စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့၌ ကလေးသူငယ်အခွင့်အရေးများ အသိပညာပေး (Talk Show )ပြုလုပ်
Nov 26,2020
ကလေးသူငယ်အခွင့်အရေးများ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၀နာရီက ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအား နယ်လှည့်ကျန်းမာရေး အသိပညာပေးခြင်းနှင့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေး
Nov 26,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူများအား နယ်လှည့်ကျန်းမာရေး အသိပညာ ပေးခြင်းနှင့် ဆေးဝါးကုသပေးမှုကို နို၀င်ဘာ ၉ ရက်နေ့မှ စတင်ကာ နို၀င်ဘာလ တတိယပတ်အထိ ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေး အသိပညာပေးပြုလုပ်
Nov 26,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ရောင်းချသူများအား ကျန်းမာရေး အသိပညာပေးခြင်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌တွေ့ဆုံ၍ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မံစီ၌ တောင်သူများကို လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ များပေးအပ်
Nov 26,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက တောင်သူများကို လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇များ ပေးအပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့ မြို့မ အ.ထ.က Facility Quarantine အဆောင်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ တစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ
Nov 26,2020
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ် ၊ မြို့မအထကကျောင်းရှိ Facility Quarantine ဆောင်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ အသက်(၂၉)နှစ်အရွယ် အမျိုးသား တစ်ဦးထံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ယမန်နေ့ ညနေ ၄နာရီအချိန်ထုတ်ပြန်ချက်အရ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညိှနှိင်း အစည်း အဝေး ကျင်းပ
Nov 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၂ နာရီ ၄၅ မိနစ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းတွင်ပြုလုပ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
71
Page
72
Page
73
Page
74
Current page
75
Page
76
Page
77
Page
78
Page
79
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department