Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မြန်မာနိုင်ငံ ပရက်စ်ဘီတေးရီးယာန်းအသင်းတော်မှ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ အလှူငွေ ခြောက်သိန်း ပေးအပ်လှူဒါန်း
Dec 24,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစရေး ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံပရက်စ် ဘီတေးရီးယာန်းအသင်းတော် ဌာနချုပ်မှ အလှူငွေကျပ် ခြောက်သိန်းကို ဒီဇင်ဘာ ၂၂ ရက်က ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေးထိုးနှံပေး
Dec 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေးများကို အပတ်စဉ် အင်္ဂါနေ့တိုင်း နံနက်(၉)နာခွဲမှ နေ့လယ်(၁၂)နာရီအထိ တနိုင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ပုံမှန် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့သို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Dec 24,2020
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင် ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ညှိုနှိုင်း အစည်းအဝေးပြုလုပ်
Dec 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပိုက်တီမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် မြို့တွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Dec 23,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၌ မြို့တွင်းလမ်းဖြစ်သည့် နှစ်ခြင်းဘုရား ကျောင်း-မူကြိုကျောင်း-ဘောလုံးကွင်းတို့ ဆက်သွယ်ထားသည့်လမ်းအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြို့ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် ခင်းခြင်းလုပ်ငန်းအား ဒီဇင်ဘာ ၂၂ ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အစည်းအဝေးသို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ် တက်ရောက်
Dec 23,2020
ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဉတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဉတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီဉက္ကဋ္ဌ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့ပေါ်၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ဘုရားကျောင်းတွင် လူ (၃ဝ) ဦးထက်မပိုစေဘဲ ဝတ်ပြုဆုတောင်းခွင့်ပြု
Dec 23,2020
ဟားခါးမြို့ပေါ်၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ဘုရားကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း လူ (၃ဝ) ဦးထက်မပိုစေဘဲ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက် (SOP) နှင့်အညီ ဝတ်ပြုဆုတောင်းခွင့် ပြုကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့ပေါ်ရှိ စားသောက်ဆိုင်များ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်း စစ်ဆေး
Dec 23,2020
မင်းတပ်မြို့ပေါ် (၄)ရပ်ကွက်ရှိ စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့က ယနေ့ နံနက် ၁၁ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
47
Page
48
Page
49
Page
50
Current page
51
Page
52
Page
53
Page
54
Page
55
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department